Thursday, 29 October 2015

ရိုဟင်ဂျာဒုက္ခသည်တွေကို မသေသေအောင် ဒီလိုညှဉ်းပမ်းပြီး ပစ်ပယ်ထားတယ်


ရိုဟင်ဂျာဒုက္ခသည်တွေကို မသေသေအောင် ဒီလိုညှဉ်းပမ်းပြီး ပစ်ပယ်ထားတယ်
=============================================
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားက သက်ကယ်ပြင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ သုံးနှ စ် ကျော်ကြာ ပိတ်လှောင်ထားခြင်း ခံနေရတဲ့ အသက် ၆၅နှစ်အရွယ် ဦးအမီးရ်ဟူစိန် ဟာ ဒီဒုက္ခသည်စခန်းထဲက ကျန်းမာရေးနဲ့ မညီညွတ်လှလွန်းတဲ့ အနေအထား များေ ကြာင့် လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ကတည်းက တီဘီ အဆုတ်နာရောဂါ စွဲကပ်နေ သူတစ်ဦးဖြစ်ပါတယ်။
သူနေတဲ့ သက်ကယ်ပြင်ရွာ ဒုက္ခသည်စခန်းက ဆေးခန်းကို ပထမဆုံးအနေနဲ့ သွားခဲ့ပြီး သူခံစားနေရတဲ့ဝေ ဒနာကိုပြောပြပြီး ဓါတ်မှန်ရိုက်ခံခဲ့ပါတယ်။ သူ့တံတွေးကို အ စစ် ဆေးခံခဲ့ပါတယ်။ အဲ့ဒီ တုန်းက သူအပါအ၀င် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၃၅ဦးဟာ ဒီလိုသွားအစစ်ဆေးခံခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒါ လွန်ခဲ့တဲ့ တစ်နှစ်ကပါ။
ဆေးခန်းက ရခိုင်လူမျိုးဆရာဝန်တွေက သူအပါအ၀င် အချို့သော ဆေးစစ်ခံယူခဲ့သူတွေ ကို တီဘီရောဂါ မတွေ့ရဘူး လို့ ပြောပြီး ပြန်လွှတ်ခဲ့ပါတယ်။ မည်သည့်ကုသမှုမျှလည်း မပေးခဲ့ပါ။
ရက်အနည်းငယ်အကြာမှာ အနားက ဒါးပိုင် ဆိုတဲ့ နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုသွားရောက်ခဲ့ပြီး ဒီလိုပဲ သူ့အခြေအနေကိုပြောပြပါတယ်။ ဆေးစစ်ခံခဲ့ပြန်ပါတယ်။ အဲ့ ဒီက ရခိုင်ဆရာဝန်များကလည်း သူ့မှာ တီဘီမရှိဘူး ဆိုတဲ့ အဖြေကိုသာပေးခဲ့ပြီး ဘာ ကုသမှုမှ မပေးဘဲ ပြန်လွှတ်ခဲ့ပြန်ပါတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း သက်ကယ်ပြင်စခန်းက ဆေးခန်းကိုပဲ ထပ်သွားပြန်ြ ပီး သူ့အခြေအနေကို ပြောပြီး ဆေးစစ်ပေးဖို့တောင်းပန်ပါတယ်။ ဓါတ်မှန်ရိုက်ပြန် ပါ တယ်။ တံတွေးကို အစစ်ခံဖို့ ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အရင်လိုပဲ သူ့မှာ တီ ဘီ မရှိကြောင်းပြောပြီး၊ ဘာမှကို ကုသမပေးဘဲ ပြန်လွှတ်ပြန်တာ ပါပဲ။
အခုတော့ သူ့ရဲ့ တီဘီအခြေအနေဟာ ကျွမ်းသွားတဲ့အနေအထားမှာ ရောက်နေပြီး သေ ရမယ့် နေ့ကိုသာ လက်ချိုးရေတွက် ပက်လက်ကြီးစောင့်လို့နေရတဲ့ အနေအထား ကို ရောက်လို့နေပါပြီ။ ဒါသာမက အသက် ၃၀ အရွယ် သူ့သမီး ဟုစ်နာရား နဲ့ အသက် ၅နှစ် အရွယ် မြေးမလေး တတ်စ်မီနာရား၊ အသက် ၂ နှစ်အရွယ် မြေးမလေး ယတ်စမီ နာရား တို့ အပါအ၀င် တစ်မိသားစုလုံးဟာ သေမင်းတမန် တီဘီ အဆုတ်နာ ရောဂါ စွဲကပ် ခြင်းကို ခံနေရပြီး ဆေးဝါးကုသပေးမှု လုံးဝမရှိတဲ့ ပတ်ဝန်းကျင်မှာ သေရတော့ မယ့် မကြာခင်တစ်နေ့ကို စောင့်လို့သာ နေရပါတယ်။
အကြောင်းအရာနှင့် ဓါတ်ပုံ Credit : Saed Arkani
အောက်တိုဘာလ ၂၆ ရက်နေ့၊ ၂၀၁၅။
(ပို့စ်တင်သူ၏ မှတ်ချက် - လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်အုပ်စု ကို ချစ် သည်ဖြစ်စေ မုန်းသည် ဖြစ်စေ ထိုကဲ့သို့ မသေသေအောင်၊ ရောဂါမကူးစက်ကူး စက်ေ အာင် ရက်စက် စွာ ရည်ရွယ်ချက်ရှိရှိ၊ မျက်ကွယ်ပြုပစ်ပယ်ထားသည့် အပြုအမူမျိုး မပြုသင့်ပေ။ ထိုအပြုအမူ မျိုးများမှာ လက်ရှိမြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် တရားစီ ရင်ထုံး ဥပဒေများ၊ အခြေခံ ဥပဒေများ၏ မည်သည့် စံနှင့်မျှ ဘောင်မ၀င်သ လို၊ မြန် မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးထား သည့် နိုင်ငံတကာစာချူပ်များ၊ ကွန်ဗင်းရှင်းများ အပါအ၀င် မည်သည့် နိုင်ငံတကာဥပဒေ များဖြင့်ပင်တိုင်းတာသည်ဖြစ်စေ လုံးဝဘောင် မ၀င်ဘဲ တရားမဲ့ပြုကျင့်နေသည်မျှသာ ဖြစ် သည်ကို တွေ့ရှိရမည်ဖြစ်သည်။
တရားမဲ့ပြုကျင့်မှုများဖြစ်ပေါ်စေရန် အမိန့်ပေးစေခိုင်းသူ များအနေဖြင့် တစ်ချိန်ချိန်တွင် ယင်း၏ ဆိုးပြစ်များကို ခံယူတာဝန်ယူရမည်သာဖြစ်သည်။ မိမိတို့ပြုသည့်ကံ မိမိတိြု့ ပန်ပေးရမည်သာဖြစ်ကြောင်း တရားသဘောနှင့် ဆင်ခြင်နိုင်မိ စေကြောင်းတင်ပြအပ်ပါ သည်။)

Mmuslim‬ တယောက်ရေးထားတာကြိုက်လို့ ပြန်တင်ပေးလိုက်ပါတယ်။"



"‪#‎muslim‬ တယောက်ရေးထားတာကြိုက်လို့
ပြန်တင်ပေးလိုက်ပါတယ်။"
---------------------------------
မွတ်စလင်တွေက မြန်မာနိုင်ငံကို ညစ်ညမ်းစေတယ်
ဟုတ်ပါတယ် ဦးဝီရသူ
မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေက
Time မျက်နှာဖုံးမှာ မပါခဲ့တော့
တိုင်းပြည်သိက္ခာကျတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံးဖြစ်အောင်
မွတ်စလင်တွေ မလုပ်ခဲ့တော့
မြန်မာပြည် သိက္ခာကျခဲ့ရတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်အောင်
လုပ်ခဲ့သူတွေထဲမှာ မွတ်စလင် မပါခဲ့တော့
မြန်မာပြည်ကြီး ညစ်ညမ်းစေတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
အကျင့်ပျက်ခြစားမှုနဲ့ကမ္ဘာကျော်တဲ့ ရဲစာရင်းမှာ
မွတ်စလင်တွေ တာဝန်ထမ်းခွင့် မရခဲ့တော့
မြန်မာပြည်ကြီး ညစ်ညမ်းစေတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
လက်ပတောင်းသံဃာ အကြမ်းဖက်နှိမ်နင်းခံရတော့
မွတ်အကြမ်းဖက်အဖွဲ့ရဲ့လက်ချက်မဟုတ်ခဲ့ရလို့
ပြည်မြန်မာကြီး ညစ်ညမ်းစေတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
မြန်မာပြည်ကမွတ်စလင်တွေက
နိုင်ငံတကာ မှာလို အသေခံ ဗုံးမခွဲခဲ့ရတော့
မြန်မာပြည်ကြီးညစ်ညမ်းစေတာပေါ့။
ဒါဆိုရင် Time မျက်နှာဖုံးမှာ ပါအောင်လို့
မြန်မာမွတ်စလင်တွေက တိုင်းပြည်နာမည်ပျက်အောင်
ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး အသေခံဗုံးခွဲမယ်ဆိုခဲ့ရင်
မြန်မာပြည်ကို မွတ်စလင်က ဖြုစင်အောင်လုပ်ခဲ့တာလို့
မှတ်ယူကြမယ်ပေါ့ ။
ဟုတ်ပါတယ် ဦးဝီရသူ
Time မှာ မပါလဲ နေပါစေ
နာမည်ဆိုးနဲ့ကျော်ကြားတာထက်
ညစ်ညမ်းနေတဲ့ ဘဝမှာပဲ ပျော်ပျော်ကြီးနေပါရစေဗျာ။
# ကဲဖျာသည်မသားဝင်းခိုင်ဦးရေ
နဲနဲလောက် ဖြေကြည့်ပါလား ?