Wednesday, 25 November 2015

ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီး၍ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို နိုင်ငံအနှံ့ ဖြစ်ပွားစေရန် တရားဝင် လှုံ့ဆော်သူနှစ်ဦး

27-03-2013 ရက်နေ့က ဗမာပြည်က ကမ္ဘာကျော် ဗုဒ္ဓဘာသာရဲ့ ထင်ရှားတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ သီတဂူဘုန်းကြီးက မုသားဝါဒကံကို ချိုးဖောက်ပြီး သမိုင်းရဲ့ အရှိတရား၊ အမှန်တရားကို မျက်ကွယ်ပြုပြီး သမိုင်းဖျောက်ဖို့ကြိုးစားခဲ့ပါတယ်။ ၎င်းက “ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။”ဆိုပြီး The Voice Weekly ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တယ်။
ဒါနဲ့တင် ရပ်မသွားပဲ 02-04-2013 ရက်နေ့မှ ထပ်ပြီးတော့ ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်က ““ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး”ဆိုပြီး သတင်းထောက်များအား ပြောကြားခဲ့တယ်လို့ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီးပြီး လူမျိုးတုန်းသတ်ဖြတ်မှုစီမံကိန်းကြီးမှာ မီဒီယာတာဝန်ခံဌာနကြီးအဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာသန်းထွဋ်အောင်ရဲ့ Eleven Media Group က 03-04-2013 နေ့မှာ သူတို့ရဲ့ တရားဝင် ၀ဘ်ဆိုဒ်မှာ တင်ခဲ့တယ်။

ညွှန်း- http://www.news-eleven.com/local/18835-အစ္စလာမ်-ဘာသာဝင်များအတွက်-ဗလီများ-ဆောက်လုပ်ခွင့်နှင့်-ဗလီများအတွင်း-စာသင်ကြားခွင့်များကို-သာသနာရေးမှ-တရားဝင်-ခွင့်ပြုထားခြင်း-မရှိကြောင်း-ရန်ကုန်တိုင်း-သာသနာရေးမှူး-ပြောကြား

သီတဂူဘုန်းကြီးရဲ့ အိမ်ရှင်နဲ့ ဧည့်သည်ဆိုတဲ့ စကားဟာ နိုင်ငံတကာဥပဒေအရ လုံးဝ ဆန့်ကျင်နေသလို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားတည်ဆဲဥပဒေတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒါထက် ဆိုးတာက သမိုင်းမှန်ကို ငြင်းပယ်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်မှုကြီးဆိုတဲ့ နိုင်ငံတကာရာဇ၀တ်မှုကြီးရဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာတွေထဲက ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဗမာပြည်မှာ အစ္စလာမ်သာသနာရောက်ရှိခဲ့တာ ပုဂံခေတ်ကတည်းက ဆိုတာကို ငြင်းမရနိုင်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ရှိနေပါတယ်။ အကယ်၍ သီတဂူဘုန်းကြီးအနေနဲ့ ဒီအချက်ကို လက်မခံဘူးဆိုရင် သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲကျင်းပပြီး ဆွေးနွေးဖို့ စီစဉ်သင့်ပါတယ်။ အကယ်၍ သီတဂူဘုန်းကြီးအနေနဲ့ မိမိမှာ သမိုင်းဆိုင်ရာ ပညာမဲ့ခြင်းကြောင့် မေ့မှား၍ ပြောဆိုခဲ့တယ်ဆိုရင်လည်း ဗမာပြည်တစ်ဝှမ်းလုံးက တိုင်းရင်းသား၊ နိုင်ငံသားတွေကို ဧည့်သည်ဆိုပြီး ကျူးကျော်စော်ကားခဲ့တဲ့အတွက် ပြန်လည် တရားဝင် တောင်းပန်သင့်ပါတယ်။

ဦးအောင်ကြည်ဆိုတာကတော့ သာသနာရေးဝန်ကြီးဌာနက စစ်အစိုးရဟောင်းတွေရဲ့ လက်ပါးစေတစ်ဦးပါပဲ။ သူပြောတဲ့အချက်ဟာ အမှန်ဖြစ်တယ်ဆိုရင် သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီအချက်ကို လက်မှတ်ထိုးပြီး တိုင်းသိပြည်သိ ကမ္ဘာသိကြေညာသင့်ပါတယ်။ ဦးအောင်ကြည်ရဲ့ စကားဟာ ဗမာပြည်တစ်ဝှမ်းမှာ မွတ်စလင်မ်လူထုတစ်ရပ်လုံးက အထွဋ်အမြတ်အထားတဲ့ ဗလီဝတ်ကျောင်းတော်တွေကို မီးရှို့၊ ဖျက်စီးနေတဲ့ အကြမ်းဖက်သမားတွေကို ပိုပြီး သောင်းကျန်းဖျက်စီး မီးရှို့နိုင်အောင် မြှောက်ထိုးပင့်ကော် လှုံ့ဆော်ပေးလိုက်တာပါပဲ။ ဒီလိုပြောခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအဖြစ် စစ်အာဏာရှင်တွေက မတရား သတ်မှတ်ထားတဲ့ စာရင်းထဲမှာတောင် ပါဝင်နေတဲ့ ကမာန်လူမျိုးစုဆိုတာ မွတ်စလင်မ်တွေ ဖြစ်နေလို့ပါဘဲ။ အခြား တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးနေရတဲ့ မွတ်စလင်မ် လူမျိုးစုတွေ ရှိပါသေးတယ်။ သူတို့ကတော့ ပသီ (ခေါ်) ဗမာမွတ်စလင်မ်၊ ရိုဟင်ဂျာ၊ ပန်းသေးနဲ့ ပသျှူးတို့ပဲ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ သီတဂူဘုန်းကြီးနဲ့ ဦးအောင်ကြည်တို့နှစ်ဦးရဲ့ စကားတွေဟာ အခြားအချိန်၊ အခြားကာလမှာ ပြောဆိုခဲ့တယ်ဆိုရင် ကိစ္စမရှိသော်လည်း ယခုလို အလွန် အထိအခိုက်လွယ်တဲ့ ကာလမှာ ပြောခဲ့တဲ့အတွက် သူတို့မှာ ရည်ရွယ်ချက် ရှိကို ရှိပါလိမ့်မယ်။ အဲဒီ ရည်ရွယ်ချက်ကတော့ ဗမာပြည်တစ်ဝှမ်းက မွတ်စလင်မ်တွေကို လူမျိုးတုန်းသတ်ဖြတ်ပစ်ဖို့ဆိုတဲ့ စီမံကိန်းကြီးကို အထောက်အပံ့ ပြုဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သီတဂူဘုန်းကြီးနဲ့ ဦးအောင်ကြည်တို့ဟာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖန်တီး၍ လူမျိုးတုန်းသတ်ဖြတ်မှုကြီးကို နိုင်ငံအနှံ့ ဖြစ်ပွားစေရန် တရားဝင် လှုံ့ဆော်သူနှစ်ဦးဖြစ်ပါတယ်။ အကယ်၍ သူတို့နှစ်ဦးအနေနဲ့ မေ့မှား၍ ပြောခဲ့မိတယ်ဆိုရင် ဗမာပြည်တစ်ဝှမ်းလုံးက မွတ်စလင်မ်လူထုကို အမြန်ဆုံး တရားဝင် ပြန်တောင်းပန်သင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

ပြောပြချင်တယ် ဦးခင်ရီရယ်

ပြောပြချင်တယ် ဦးခင်ရီရယ်
================
ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား အုပ်စုကြီး (၅) စုရှိတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်အုပ်စု (၅) စုကတော့ (၁) ပသီ၊ (၂) ရိုဟင်ဂျာ၊ (၃) ကမာန်၊ (၄) ပသျှူးနဲ့ (၅) ပန်းသေးတို့ ဖြစ်တယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၅) စုထဲမှာ ဦးခင်ရီပါဝင်တဲ့ so-called ဒီမိုကရေစီအစိုးရက ကမာန်မျိုးနွယ်စုမှအပ ကျန်တဲ့ မျိုးနွယ်စု (၄) ကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုပဲ ခါးခါးသီးသီး သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ မဟုတ်လို့ ငြင်းပယ်ခဲ့တယ်။ ငြင်းပယ်နေဆဲဖြစ်တယ်။ ဘာကြောင့်လဲ။ တိုင်းရင်းသားဖြစ်ဖို့ သူတို့ဟာ သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေတွေအရ ကိုက်ညီနေပါလျှက် ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုရတာလဲ။ သူတို့ရဲ့ တိုင်းရင်းသား အခွင့်အရေးကို ဘာကြောင့် ငြင်းပယ်နေရတာလဲ။
ဦးခင်ရီရဲ့ ကြိမ်ဖန်များစွာ ဖွင့်ဆိုချက်များအရ လူမျိုးတစ်ရာ့တစ်ပါးဟာ မြန်မာ့တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ပါ ၀င်ကြောင်း သိရှိရပါတယ်။ ကောင်းပြီ။ အဲဒီ လူမျိုးတစ်ရာ့တစ်ပါးမှာ ပသီ၊ ပန်းသေးနဲ့ ပသျှူးတို့ ပါဝင်နေပါတယ်။ ဘာကြောင့် သူတို့ကို တိုင်းရင်းသားအဖြစ် ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက အသိအမှတ် မပြုရဲရတာလဲ။ လွန်ခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ်အတွင်း မန္တလေးမြို့က ပုဂ္ဂိုလ်အချို့ဟာ ‘ပသီ’တိုင်းရင်းသားရဲ့အမည်ကို သုံးပြီး၊ နိုင်ငံရေး ပါတီအဖြစ် လျှောက်ထားတာကို ‘ပသီ’ ဆိုတာ စစ်အာဏာရှင် သားသတ်သမား တရုတ်ကပြား ဗိုလ်နေ၀င်း စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ (၁၃၅) မျိုးမှာ မပါလို့ဆိုပြီး ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ဦးခင်ရီကတော့ တိုင်းရင်းသား (၁၃၅) မျိုးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လူမျိုးတစ်ရာ့တစ်ပါးဆိုပြီး ထပ်တလဲလဲ ကိုးကားပြီး၊ ဖွင့်ဆိုခဲ့တယ်။ ကောင်းပြီ။ လူမျိုးတစ်ရာ့တစ်ပါးမှာ ‘ပသီ’၊ ‘ပန်းသေး’နဲ့ ‘ပသျှုးတို့’ပါဝင်နေတာကို ဦးခင်ရီ သိပါသလား။ ဦးခင်ရီရဲ့ ဖွင့်ဆိုချက်က အမှန်လား။ ဒါမှမဟုတ် လူမျိုးတစ်ရာ့တစ်ပါးဆိုတာကို ဘာမှန်းမသိပဲ ဖွင့်ဆိုနေတာလား။
တိုင်းရင်းသားဖြစ်ရန် သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေများအရ ကိုက်ညီနေတဲ့ ကျုပ်တို့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား မျိုးနွယ်စုကြီး (၅) စုကို ကျောသား၊ ရင်သား မခွဲခြားပဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ ကင်းရှင်းစွာနဲ့ တိုင်းရင်း သားအဖြစ် အသိအမှတ်ပြုဖို့ရာမှာ ဒီမိုကရေစီ အစိုးရတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်တယ်။ အကယ်၍ ဦးခင်ရီတို့ အစိုးရ ဟာ ဒီမိုကရေစီကို အမှန်တကယ် ချစ်မြတ်နိုးတဲ့ အစိုးရဆိုရင်ပေါ့။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင် ကမာန်လူမျိုးစု တစ်စုကို သာလျှင် ၎င်းတို့ရဲ့ လူဦးရေ နည်းပါးမှုကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ ကျန်တဲ့ အုပ်စုကြီး (၄) ကိုတော့ တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုသေးပါ။ ဒီလို အသိအမှတ် မပြုခြင်းဟာ ဒီမိုကရေစီ နည်းစနစ်များနဲ့ ဆန့်ကျင်နေတယ်ဆိုတာ ဦးခင်ရီတို့ အစိုးရအနေနဲ့ သိရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ Discrimination လို့ခေါ်တဲ့ ခွဲခြားဖိနှိပ်ခြင်းပဲ ဖြစ်တယ်။
ရိုဟင်ဂျာလူမျိုးစုကို ပါလီမာန်ဒီမိုကရေစီခေတ်ရဲ့ ပြည်သူ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစု တစ်စု အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ စစ်အာဏာရှင် သားသတ်သမား၊ တရုတ်ကပြား ဗိုလ်နေ၀င်း ရဲ့လက်ထက်မှာ တိုင်းရင်းသားစာရင်းကနေ ပယ်ဖျက်ခဲ့တယ်။ အဲဒီလိုနဲ့ ရိုဟင်ဂျာလူမျိုးများဟာ စစ်အာဏာရှင် လက်ထက် အဆက်ဆက် နှစ်ပေါင်း (၅၀) ခန့် တိုင်းရင်းသားအခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်။ ယခု ရိုဟင်ဂျာ လူမျိုးများက တောင်းဆိုနေတာဟာ တိုင်းရင်းသားဖြစ်ဖို့ထက်၊ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ တိုင်းရင်းသား အခွင့်အရေး ကို ပြန်လည် ရရှိအောင် တောင်းဆိုနေခြင်း ဖြစ်တယ်။ ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားဖြစ်ပြီး သား ရိုဟင်ဂျာလူမျိုးကို ဦးခင်ရီတို့ရဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပြန်လည် ရရှိအောင် ကြိုးပမ်းနေကြခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဦးခင်ရီတို့ရဲ့ ယခု ဒီမိုကရေစီ အစိုးရဆိုတာကလည်း စစ်အုပ်စုကနေ အရေခွံ့လဲထားတဲ့ သူတွေက အများစုဆိုတော့ စစ်အာဏာရှင်တွေရဲ့ စရိုက်ဆိုးတွေကို မစွန့်လွှတ်နိုင်သေးကြောင်း၊ သူတို့တွေရဲ့ လုပ်ဆောင် ချက်တွေ၊ ပြောဆိုချက်တွေ၊ ရေးသားချက်တွေက သက်သေခံနေပါတယ်။
တစ်ဖက်မှာ ရခိုင်လူမျိုးတွေကလည်း အကယ်၍ ရိုဟင်ဂျာလူမျိုးတွေဟာ စစ်အာဏာရှင် စနစ်ဆိုးကြောင့် ပျောက်ဆုံး၊ ပျက်သုဉ်းခဲ့ရတဲ့ သူတို့တွေရဲ့ တိုင်းရင်းသားဖြစ်ခြင်းကို ပြန်လည် ရရှိခဲ့မယ်ဆိုရင် ရခိုင်တွေဟာ ရိုဟင်ဂျာတွေရဲ့ အပေါ်မှာ ဗိုလ်ကျစိုးမိုး၊ အနိုင်ကျင့်လို့ မရတော့မှာ၊ လူတွင်ကျယ်လုပ်ပြီး ကတုံးပေါ် ထိပ်ကွက်လို့ မရတော့မှာ၊ ဖိနှိပ်ခွဲခြားလို့ မရတော့မှာကို အရမ်း စိုးရိမ်နေပါတယ်။ အဲဒီလို စိုးရိမ်နေရင်လည်း ဘာကြောင့် ဒီမိုကရေစီ နိုင်ငံတော် ဆီကို ချီတက်နေရတာလဲ။ ပဒေသရာဇ် နိုင်ငံတော်ဆီကိုသာ ချီတက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံသဘောတရားအချို့က တိုင်းရင်းသားတိုင်းဟာ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံသားအခွင့်အရေး ရရှိရမယ်။ လူသားတိုင်းဟာ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ အမျိုးသမီးတိုင်းဟာ အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ အမျိုးသားတိုင်းဟာ အမျိုးသား အခွင့်အရေး အပြည့်အ၀ ရရှိရမယ်။ ကလေးသူငယ်တိုင်းဟာ ကလေးသူငယ်အခွင့်အရေး ရရှိရမယ်။ မသန်စွမ်းတဲ့သူတွေဟာ မသန်စွမ်းတဲ့သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ရရှိရမယ်။ ဒီလို အခွင့်အရေးတွေကို ရရှိလာအောင် လူထုက တင်မြှောက်ထားတဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရက တာဝန်ခံရမယ်။
အကယ်၍ အဲဒီအခွင့်အရေးတွေကို နှောင့်ယှက်တဲ့သူ၊ ဖျက်စီးတဲ့သူဟာ နိုင်ငံတော်ရဲ့ ရန်သူပဲ ဖြစ်တယ်။ အဲဒီရန် သူတွေကို လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက နှိမ်နင်းရမယ်။ ချေမှုန်းရမယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်၊ ဇွန်လကစပြီး ဖြစ်ပျက်နေခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးမှာ ဦးခင်ရီတို့ရဲ့ ဒီမိုကရေစီအစိုးရက အထက်မှာ တင်ပြခဲ့တဲ့ အခွင့်အရေးတွေကို ချိုးဖောက်တဲ့ ရခိုင် အကြမ်းဖက်သမားတွေနဲ့တောင် ပူးပေါင်းပြီး၊ ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြောင်း သက်သေ အထောက်အထားများအရ သိရှိနိုင်တယ်။ အပြစ်မဲ့ ရိုဟင်ဂျာလူမျိုးတွေကို နည်းလမ်းပေါင်းစုံ နဲ့ ရက်ရက်စက်စက် သတ်ဖြတ်တယ်။ နှိပ်စက်တယ်။ အပြစ်မဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ကလေး သူငယ် အများအပြားကို သတ်တယ်၊ ဖြတ်တယ်၊ မီးပုံထဲကို ပစ်ချခဲ့တယ်။ လူမဆန်တဲ့ ရာဇ၀တ် မှုပေါင်းများစွာကို ကျူးလွန်နေ ခဲ့တယ်။ ဒါတွေဟာ သမိုင်းတွေပါ။
ဒီလူမျိုးတုန်းသတ်ဖြတ်မှုကြီးဟာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ခြင်း၊ တနည်းအားဖြင့် မှတ်တမ်းတင်ခြင်း ခံရပါလိမ့်မယ်။ အဲဒီမှတ်တမ်းတွေမှာ ဦးခင်ရီရဲ့ နာမည်ဟာလည်း ပါလာမှာ မုချမလွဲပဲ။ အဲဒီတော့ ဦးခင်ရီ သေဆုံး သွားတယ်ဆိုရင်လည်း ဦးခင်ရီရဲ့ မျိုးဆက်တွေဟာ ဦးခင်ရီရဲ့ မကောင်းမှု အကုသိုလ်ရဲ့ နောက်ဆက်တွဲ မကောင်းကျိုး ကို လောကမှာတင် ပြန်ခံရမှာပါ။ ၀ဋ်ဆိုတာ ပြေးလို့မလွတ်ပါဘူး။ မျက်မှောက်ဘ၀မှာတင် တူသောအကျိုးကို ပြန်လည် ခံစားကြမှာပါ။ အဖိနှိပ်ခံတွေရဲ့ မျက်ဝန်းတွေက ကျခဲ့တဲ့ မျက်ရည်တွေရဲ့ စူးရှမှုများ၊ မီးပုံထဲပစ်ချခဲ့တဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ငြီးတွားသံများ၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ သွေးတွေက စကားပြောလာပါလိမ့်မယ်။ အဲဒီတော့ ဦးခင်ရီရေ၊ ခင်ဗျားတို့ so-called ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာ၊ ပသီ၊ ပသျှူးနဲ့ ပန်းသေးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုခဲ့ရင်လည်း၊ ခင်ဗျားတို့ အသိအမှတ်မပြုလို့ လုံးဝ မရတဲ့ အခြေအနေကို မကြာခင်မှာ ရောက်လာပါလိမ့်မယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ ကျူးကျော်သူတွေပါ၊ တရားမ၀င် ခိုးဝင်လာသူတွေပါလို့ စွတ်စွဲပြီး၊ တတိယနိုင်ငံကို ပို့ဖို့ အရှက်သိက္ခာ မရှိ၊ လူသားချင်းစာနာစိတ် လုံးဝမရှိတဲ့ စစ်အာဏာရှင်ဟောင်း ဓာတုဦးသိန်းစိန်အပါအ၀င် ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက စွမ်းစွမ်းတမံ ကြိုးစားခဲ့တာတောင်၊ မအောင်မြင်ခဲ့ပဲ အခု နိုင်ငံသားကဒ်တွေကို အိမ်တိုင်ရာရောက် လိုက်ပေးနေရသလိုပဲ၊ မဝေးတော့တဲ့ အနာဂတ်မှာ ဦးခင်ရီတို့ရဲ့ so-called ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာလူမျိုးစုအပါအ၀င် ပသီလူမျိုးစု၊ ပသျှူးလူမျိုးစုနဲ့ ပန်းသေးလူမျိုးစုတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ကိုပြုရပါလိမ့်မယ်။ တိုင်းရင်းသား အခွင့်အရေးတွေ ပေးကို ပေးရပါလိမ့်မယ်။
ဦးခင်ရီတို့ အစိုးရအာဏာပိုင်များအနေနဲ့ ပသီ၊ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူးစတဲ့ လူမျိုးစု အသီးသီးကို ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုရပါသလဲ။ အကြောင်းပြချက်တွေကို တရားဝင် စာထုတ်ပြီး၊ တိုင်းသိပြည်သိ၊ ကမ္ဘာသိ ကြေညာသင့်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကို ချပြသင့်ပါတယ်။ အကယ်၍ ဦးခင်ရီတို့က “ငါတို့ တိုင်ရင်းသားအဖြစ် အသိအမှတ်ပြုချင်တဲ့သူကို ငါတို့ တိုင်းရင်းသား ပေးမယ်”လို့ ဆိုခဲ့ရင်လည်း ပြတ်ပြတ်သားသား တစ်ကမ္ဘာလုံးရှေ့မှာ ကြေညာ သင့်ပါတယ်။ ဒါမှ လူထုတစ်ရပ်လုံးအနေနဲ့ ဦးခင်ရီတို့ရဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှုရှိ၊ မရှိ၊ ကျိုးကြောင်းဆီလျှော်မှု ရှိ၊ မရှိ၊ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို ရှုထောင့်ပေါင်းစုံကနေ ဝေဖန် သုံးသပ်နိုင်ကြပါလိမ့်မယ်။ နိဂုံးချုပ်အားဖြင့် ဦးခင်ရီအနေနဲ့ အမှန်တရားကို မုန်းတီးလို့ ချေမှုန်းပျက်သုဉ်းအောင် အစွမ်းကုန်ကြိုးစားသော်လည်း၊ အမှန်တရား ကတော့ ပျက်သုဉ်းမှာ မဟုတ်တဲ့အပြင် ဦးခင်ရီသာလျှင် အမှန်တရားရဲ့ ချေမှုန်းခြင်းကို ပြန်ခံရမှာပါ။ ဦးခင်ရီရဲ့ ပြုခဲ့သမျှကံ (အလုပ်)ရဲ့ အကျိုးဟာ ဦးခင်ရီထံကိုပဲ ပြန်လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပေါ့ဗျာ။
မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ဟောင်းများနှင့် ၎င်းတို့ရဲ့ အလိုတော်ရိ အကြမ်းဖက်သမားများ၏ အကြမ်း ဖက်ခြင်း အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ဦးကိုကိုကြီး ဖြေကြားပေးနိုင်ရန်

ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းနှင့် တိုင်းရင်းသားဖြစ်ခြင်းကို ငြင်းပယ်ခဲ့သော လူမျိုးရေးအစွန်းရောက်၊ ဘာသာရေး အစွန်းရောက် ဦးကိုကိုကြီးအား အောက်ပါမေးခွန်းကို ဖြေကြားပေးနိုင်ရန် မေးမြန်းလိုက်ချင်ပါသည်။
ရခိုင်-မုစ်လင်မ် အဓိကရုဏ်းဖြစ်စဉ် ကာလအတွင်း ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်နှင့် ၎င်းမမွေးဖွားခင် ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့ခြင်းကို ခါးခါးသီးသီး ငြင်းဆန်၍ ရိုဟင်ဂျာလူမျိုးများအား တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက် လာခဲ့သူများဖြစ်ကြောင်း စွတ်စွဲခဲ့ခြင်းဖြင့် မြောက်များစွာသော အပြစ်မဲ့ မုစ်လင်မ်များကို သေကြေပျက်စီးစေခဲ့သူ၊ အပြစ်မဲ့ မုစ်လင်မ်များ၏ ဘ၀များကို ဖြိုဖျက်ခဲ့သူ၊ လူမျိုးရေး အစွန်းရောက်၊ ဘာသာရေး အစွန်းရောက် ဦးကိုကိုကြီးအနေနှင့် မိမိ ကျူးလွန်ခဲ့သော ပြစ်မှုကြီးအတွက် မည်သို့မည်ပုံ တာဝန်ယူ ဖြေရှင်းပေးမည်ကို ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights And Justice အစည်းအရုံးမှ သိရှိလိုပါကြောင်း။

Thursday, 29 October 2015

ရိုဟင်ဂျာဒုက္ခသည်တွေကို မသေသေအောင် ဒီလိုညှဉ်းပမ်းပြီး ပစ်ပယ်ထားတယ်


ရိုဟင်ဂျာဒုက္ခသည်တွေကို မသေသေအောင် ဒီလိုညှဉ်းပမ်းပြီး ပစ်ပယ်ထားတယ်
=============================================
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားက သက်ကယ်ပြင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ သုံးနှ စ် ကျော်ကြာ ပိတ်လှောင်ထားခြင်း ခံနေရတဲ့ အသက် ၆၅နှစ်အရွယ် ဦးအမီးရ်ဟူစိန် ဟာ ဒီဒုက္ခသည်စခန်းထဲက ကျန်းမာရေးနဲ့ မညီညွတ်လှလွန်းတဲ့ အနေအထား များေ ကြာင့် လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ကတည်းက တီဘီ အဆုတ်နာရောဂါ စွဲကပ်နေ သူတစ်ဦးဖြစ်ပါတယ်။
သူနေတဲ့ သက်ကယ်ပြင်ရွာ ဒုက္ခသည်စခန်းက ဆေးခန်းကို ပထမဆုံးအနေနဲ့ သွားခဲ့ပြီး သူခံစားနေရတဲ့ဝေ ဒနာကိုပြောပြပြီး ဓါတ်မှန်ရိုက်ခံခဲ့ပါတယ်။ သူ့တံတွေးကို အ စစ် ဆေးခံခဲ့ပါတယ်။ အဲ့ဒီ တုန်းက သူအပါအ၀င် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၃၅ဦးဟာ ဒီလိုသွားအစစ်ဆေးခံခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒါ လွန်ခဲ့တဲ့ တစ်နှစ်ကပါ။
ဆေးခန်းက ရခိုင်လူမျိုးဆရာဝန်တွေက သူအပါအ၀င် အချို့သော ဆေးစစ်ခံယူခဲ့သူတွေ ကို တီဘီရောဂါ မတွေ့ရဘူး လို့ ပြောပြီး ပြန်လွှတ်ခဲ့ပါတယ်။ မည်သည့်ကုသမှုမျှလည်း မပေးခဲ့ပါ။
ရက်အနည်းငယ်အကြာမှာ အနားက ဒါးပိုင် ဆိုတဲ့ နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုသွားရောက်ခဲ့ပြီး ဒီလိုပဲ သူ့အခြေအနေကိုပြောပြပါတယ်။ ဆေးစစ်ခံခဲ့ပြန်ပါတယ်။ အဲ့ ဒီက ရခိုင်ဆရာဝန်များကလည်း သူ့မှာ တီဘီမရှိဘူး ဆိုတဲ့ အဖြေကိုသာပေးခဲ့ပြီး ဘာ ကုသမှုမှ မပေးဘဲ ပြန်လွှတ်ခဲ့ပြန်ပါတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း သက်ကယ်ပြင်စခန်းက ဆေးခန်းကိုပဲ ထပ်သွားပြန်ြ ပီး သူ့အခြေအနေကို ပြောပြီး ဆေးစစ်ပေးဖို့တောင်းပန်ပါတယ်။ ဓါတ်မှန်ရိုက်ပြန် ပါ တယ်။ တံတွေးကို အစစ်ခံဖို့ ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အရင်လိုပဲ သူ့မှာ တီ ဘီ မရှိကြောင်းပြောပြီး၊ ဘာမှကို ကုသမပေးဘဲ ပြန်လွှတ်ပြန်တာ ပါပဲ။
အခုတော့ သူ့ရဲ့ တီဘီအခြေအနေဟာ ကျွမ်းသွားတဲ့အနေအထားမှာ ရောက်နေပြီး သေ ရမယ့် နေ့ကိုသာ လက်ချိုးရေတွက် ပက်လက်ကြီးစောင့်လို့နေရတဲ့ အနေအထား ကို ရောက်လို့နေပါပြီ။ ဒါသာမက အသက် ၃၀ အရွယ် သူ့သမီး ဟုစ်နာရား နဲ့ အသက် ၅နှစ် အရွယ် မြေးမလေး တတ်စ်မီနာရား၊ အသက် ၂ နှစ်အရွယ် မြေးမလေး ယတ်စမီ နာရား တို့ အပါအ၀င် တစ်မိသားစုလုံးဟာ သေမင်းတမန် တီဘီ အဆုတ်နာ ရောဂါ စွဲကပ် ခြင်းကို ခံနေရပြီး ဆေးဝါးကုသပေးမှု လုံးဝမရှိတဲ့ ပတ်ဝန်းကျင်မှာ သေရတော့ မယ့် မကြာခင်တစ်နေ့ကို စောင့်လို့သာ နေရပါတယ်။
အကြောင်းအရာနှင့် ဓါတ်ပုံ Credit : Saed Arkani
အောက်တိုဘာလ ၂၆ ရက်နေ့၊ ၂၀၁၅။
(ပို့စ်တင်သူ၏ မှတ်ချက် - လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်အုပ်စု ကို ချစ် သည်ဖြစ်စေ မုန်းသည် ဖြစ်စေ ထိုကဲ့သို့ မသေသေအောင်၊ ရောဂါမကူးစက်ကူး စက်ေ အာင် ရက်စက် စွာ ရည်ရွယ်ချက်ရှိရှိ၊ မျက်ကွယ်ပြုပစ်ပယ်ထားသည့် အပြုအမူမျိုး မပြုသင့်ပေ။ ထိုအပြုအမူ မျိုးများမှာ လက်ရှိမြန်မာနိုင်ငံတွင်ကျင့်သုံးနေသည့် တရားစီ ရင်ထုံး ဥပဒေများ၊ အခြေခံ ဥပဒေများ၏ မည်သည့် စံနှင့်မျှ ဘောင်မ၀င်သ လို၊ မြန် မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးထား သည့် နိုင်ငံတကာစာချူပ်များ၊ ကွန်ဗင်းရှင်းများ အပါအ၀င် မည်သည့် နိုင်ငံတကာဥပဒေ များဖြင့်ပင်တိုင်းတာသည်ဖြစ်စေ လုံးဝဘောင် မ၀င်ဘဲ တရားမဲ့ပြုကျင့်နေသည်မျှသာ ဖြစ် သည်ကို တွေ့ရှိရမည်ဖြစ်သည်။
တရားမဲ့ပြုကျင့်မှုများဖြစ်ပေါ်စေရန် အမိန့်ပေးစေခိုင်းသူ များအနေဖြင့် တစ်ချိန်ချိန်တွင် ယင်း၏ ဆိုးပြစ်များကို ခံယူတာဝန်ယူရမည်သာဖြစ်သည်။ မိမိတို့ပြုသည့်ကံ မိမိတိြု့ ပန်ပေးရမည်သာဖြစ်ကြောင်း တရားသဘောနှင့် ဆင်ခြင်နိုင်မိ စေကြောင်းတင်ပြအပ်ပါ သည်။)

Mmuslim‬ တယောက်ရေးထားတာကြိုက်လို့ ပြန်တင်ပေးလိုက်ပါတယ်။"



"‪#‎muslim‬ တယောက်ရေးထားတာကြိုက်လို့
ပြန်တင်ပေးလိုက်ပါတယ်။"
---------------------------------
မွတ်စလင်တွေက မြန်မာနိုင်ငံကို ညစ်ညမ်းစေတယ်
ဟုတ်ပါတယ် ဦးဝီရသူ
မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေက
Time မျက်နှာဖုံးမှာ မပါခဲ့တော့
တိုင်းပြည်သိက္ခာကျတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံးဖြစ်အောင်
မွတ်စလင်တွေ မလုပ်ခဲ့တော့
မြန်မာပြည် သိက္ခာကျခဲ့ရတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်အောင်
လုပ်ခဲ့သူတွေထဲမှာ မွတ်စလင် မပါခဲ့တော့
မြန်မာပြည်ကြီး ညစ်ညမ်းစေတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
အကျင့်ပျက်ခြစားမှုနဲ့ကမ္ဘာကျော်တဲ့ ရဲစာရင်းမှာ
မွတ်စလင်တွေ တာဝန်ထမ်းခွင့် မရခဲ့တော့
မြန်မာပြည်ကြီး ညစ်ညမ်းစေတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
လက်ပတောင်းသံဃာ အကြမ်းဖက်နှိမ်နင်းခံရတော့
မွတ်အကြမ်းဖက်အဖွဲ့ရဲ့လက်ချက်မဟုတ်ခဲ့ရလို့
ပြည်မြန်မာကြီး ညစ်ညမ်းစေတာပေါ့။
ဟုတ်ပါတယ် ဦးဝီရသူ
မြန်မာပြည်ကမွတ်စလင်တွေက
နိုင်ငံတကာ မှာလို အသေခံ ဗုံးမခွဲခဲ့ရတော့
မြန်မာပြည်ကြီးညစ်ညမ်းစေတာပေါ့။
ဒါဆိုရင် Time မျက်နှာဖုံးမှာ ပါအောင်လို့
မြန်မာမွတ်စလင်တွေက တိုင်းပြည်နာမည်ပျက်အောင်
ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး အသေခံဗုံးခွဲမယ်ဆိုခဲ့ရင်
မြန်မာပြည်ကို မွတ်စလင်က ဖြုစင်အောင်လုပ်ခဲ့တာလို့
မှတ်ယူကြမယ်ပေါ့ ။
ဟုတ်ပါတယ် ဦးဝီရသူ
Time မှာ မပါလဲ နေပါစေ
နာမည်ဆိုးနဲ့ကျော်ကြားတာထက်
ညစ်ညမ်းနေတဲ့ ဘဝမှာပဲ ပျော်ပျော်ကြီးနေပါရစေဗျာ။
# ကဲဖျာသည်မသားဝင်းခိုင်ဦးရေ
နဲနဲလောက် ဖြေကြည့်ပါလား ?

Monday, 21 September 2015

ရိုဟင်ဂျာလူမျိုးရှိကြောင်းနိုင်ငံတော်သမ္မတ ဟောင်း Dr. ဦးဘဦး


ရိုဟင်ဂျာလူမျိုးရှိကြောင်းနိုင်ငံတော်သမ္မတ ဟောင်း Dr. ဦးဘဦး နှင့် အ ပေါင်း ပါ အ ကြံ ပြု လွှာကို ထောက် ပြ တင် ပြ ခြင်း
ရခိုင် အမျိုးသားများ၏ တောင်ဆိုချက်အရ ရခိုင်ပြည်နယ် ပေး ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရ မှ အကြံပေး ရေး အဖွဲ့ တစ်ဖွဲ့ ကို ၁၉၆၀ ပြည့်နှစ် ဧပြီလ (၂၉) ရက် ဖွဲ့စည်းတာဝန်ပေး ခဲ့ပါသည်။ယင်းအဖွဲ့ တွင်အောက်ပါ ထင်ပေါ်ကျော်ကြားသည့် နိုင်ငံတော် အဆင့် အမြင့် ဆုံးတာဝန်ထမ်းဆောင် ခဲ့သည့် ပုဂ္ဂိုလ်များ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
(၁) – ဥက္ကဌ – ဒေါက်တာ ဦးဘ ဦး၊ နိုင်ငံတော် သမ္မတဟောင်း
(၂) – အဖွဲ့ဝင် – ဒေါက်တာ ဦးသိန်မောင်၊ နိုင်ငံတော် တရားရေးဝန်ကြီးချုပ်ဟောင်း
(၃) – အဖွဲ့ဝင် – ဦးတင် ၊ပြည်သူ့လွှတ်တော် ဥက္ကဌ ဟောင်း
(၄) – အဖွဲ့ဝင် – ဦးအုန်းဖေ၊ တရားလွှတ်တော် တရားဝန်ကြီးဟောင်း
(၅) – အဖွဲ့ဝင် – ဦးချစ်သောင်း – ၀န်ကြိးဟောင်း
အထက်ပါ အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ လူထူတန်းစား ပြည်သူ့အလွှာ အသီးသီး
နှီးနှော်ပြီး အကြံညာဏ်များ ရယူ၍ နိုင်ငံတော် အစိုးရသို့ အစီခံရင်စာ တင်ပြခဲ့ပါသည်။ ထို ပုဂ္ဂိုလ်များသည် တက္ကသိုလ်ကျောင်းရှိ ရခိုင် နှင့် ရိုဟင်ဂျာ ကျောင်သားများ သဘောထားရယူခြင်း၊ ရခိုင်ပြည်နယ် အနယ်နယ် အရပ်ရပ် လူထုလူတန်စား အလွှာ ပေါင်းစုံများ ထံမှ အကြံညာဏ်များ၊ ဆန္ဒ သဘောထားများ ရယူခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ရခိုင် ပြည်သူများထံမှ လည်းကောင်း၊ ရိုဟင်ဂျာ ပြည်သူ များ ထံမှ လည်းကောင်း လူတန်းစား အလွှာ အသီးသီး သို့ ချဉ်းကပ်၍ ဆန္ဒ သဘောထား ရယူခဲ့ သည့် လုပ်ငန်း သည် တိုင်းသိ၊ပြည်သိ ကမ္ဘာသိ လုပ်ငန်းတစ်ရပ် ဖြစ် ပြီး ထိုအဖွဲ့ အစည်းတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များသည် လည်း နိုင်တော်၏ အဆင့် အမြင့် ဆုံးတာ ၀န်ထမ်းဆောင် ခဲ့သူများ လည်းဖြစ် ပါသည်။ ထိုပုဂ္ဂိုလ်များ၏ အစီရင်ခံစာ သည်
ပေါပေါတန်တန် တွက်ယူ၍ မရနိုင်၊ သမိုင်းဝင် လုပ်ရပ် တစ်ခု ဖြစ်ပါ သည်။
ထိုအစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးများ ရနေ၍ ရိုဟင်ဂျာ လူမျိုးများနှင့် တိုင်ပင် နှီးနှော သဖြင့် အစီရင်ခံ စာတွင် ဖေါ်ပြခဲ့ ခြင်းဖြစ်သည်။ (မြန်မာနိုင်ငံရေးတတိယ တွဲ)
ယခုအခါ ဘင်္ဂလားဒေရှ်မှ ရခိုင်ပြည်နယ် အတွင်း သို့် အမည်တူ မျိုးနွယ်စု တစ် စု ခိုးဝင်လာပြိး ဒေသခံ ရခိုင် လူထု အား လွှမ်းမိုးပြီး ရခိုင်ပြည်နယ် တွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း တွင်တွင်ငြင်း ဆန် နေခြင်း ဖြစ်သည်။ထို ခိုးဝင်လာသော အမည် တူ ဘင်္ဂလားဒေရှ် နိုင်ငံသား မြန်မာနိုင်ငံတွင် သိန်းပေါင်းများစွာ ၀င်ရောက် နေထိုင် ပြီး တစ်ဖက်နိုင်ငံ သား ဖြစ်ပါလျက် ဗုဒ္ဓ ဘာသာဖြစ်သည့်အတွက် မြန်ာနိုင်ငံတွင် တိုင်းရင်း ဖြစ် သွားသည်။ တစ်နည်း ပြောရလျှင် တိုင်းရင်းသားဖြစ် ဗုဒ္ဓ ဘာသာဖြစ်ရမည် သဘော သက်ရောက်နေသည်။
ထိုအချက်မှာ (၂၁- ၉ – ၁၉၈၃) နေ့ထုတ် ကျေညာချက်အမှတ် ၁၃/၈၃ နှင့် လုံ့ဝ ဆန့်ကျင်နေသည်။ ၎င်း ကျေညာချက်တွင် အခန်း(၂) အပိုဒ်(၅) ၌ ကချင်၊ကယား
၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင် နှင့် ရှမ်းဖြစ်စေကာမူ နိုင်ငံတော်တွင် အမြဲ နေထိုင်မှု မရှိဘဲ အခြား နိုင်ငံတွင် ပင်ရင်းနိုင်ငံသား အဖြစ် အမြဲ နေထိုင်သူများသည် တိုင်းရင်းသား မဟုတ် ဟူ၍ဖေါ်ပြထားသည်။
တဖန် ၁၈၂၃ ခုနှစ်နောက် ပိုင်း မြန်မာနိုင်ငံတော် အတွင်းသို့ ၀င်ရောက်နေထိုင ကြသော အမည်တူ မျိုးနွယ်စု များ သည်လည်း တိုင်းရင်းသား မဟုတ်သည့် အပြင် မွေးရာပါ နိုင်ငံသား မဟုတ်ပါ ဟူ၍ ဖေါ်ပြထားသည်။
ထို့ကြောင်း ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးအမှန်တကယ် ရှိ၍ ၁၉၅၄ စကတင်္ဘာ လ (၂၅) ရက်နေ့ ၀န်ကြီး ကက်ဘီးနက် အစည်းအဝေးတွင်ရိုဟင်ဂျာ များသည် တိုင်းရင်း
မျိုးနွယ်စု ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အထက်ပါ ထင်ပေါ်ကျော်ကြားသည့် နိုင်ငံတော် အဆင့် အမြင့် ဆုံးတာဝန်ထမ်းဆောင် ခဲ့သည့် ပုဂ္ဂိုလ်များ ၏ တင်ပြချက်အရလည်းကောင်း ရိုဟင်ဂျာ လူမျိုး အမှန် ရှိနေကြောင်း
ပေါ်ပေါက် သည် အတွက် မြန်မာ့အသံ၊ လူမျိုးစု ရေးရာ အသံလွင့် ကဏ္ဍတွင် ထည့်သွင့် အသံလွင့် ခဲ့သည် ကို ငြင်းဖွယ်ရာ မရှိ တိုင်းသိပြည်သိ ကမ္ဘာ သိပင်ဖြစ် ပါသည်။
ထို့ကြောင်း မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုး မရှိဟု ပြော ဆိုခြင်းသည် လူသားမျိုးနွယ်စု အား အဓမ္မပြု ကျင့်သကဲ့သို့ ထိုလူသားမျိုးနွယ်စုမှာ လူ့အခွင့်အရေး ဆုံးရှုံးကာ နိုင်ငံမဲ့ လည်းဖြစ်သွား နိုင်သည် ကို အလေးထား စဉ်စား စရာ အချက် ဖြစ်ကြောင်း သုတေသီ တစ်ဦးမှ ထောက်ပြ တင်ပြပါသည်။
၂။ ဒေါက်တာ ဦးဘဦး ( ၁၈၈၇-၁၉၆၃ ) ၁၃-၃-၁၉၅၂ မှ ၁၃-၃-၁၉၅၇ ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

Sunday, 20 September 2015

ပဲခူးမြို့ မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျေးရွာများမှညအိပ်ညနေပညာသင် ကြားနေသော ၁၀တန်း ကျောင်းသူ ၉ ဦးကို ခဏတာအလည်လာသော ကိုယ်တော်ကကြံစည်မှုဖြစ်ပွား








ပဲခူးမြို့ မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျေးရွာများမှညအိပ်ညနေပညာသင် ကြားနေသော ၁၀တန်း ကျောင်းသူ ၉ ဦးကို ခဏတာအလည်လာသော ကိုယ်တော်ကကြံစည်မှုဖြစ်ပွား
------------------------------------------
ပဲခူးမြို့ မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်ကျေးရွာများမှ ညအိပ်ညနေ ပညာသင်ကြားနေသော ၁၀တန်းကျောင်းသူ ၉ ဦးကို ၁၉.၉.၂၀၁၅ ရက်က ဇောင်းတူဓမ္မရတနာကျောင်းတိုက်အခန်းနေဝါတော် ၃၈ ဝါရှိ ဦးဝဣသည် မင်္ဂလာရာမကျောင်းသို့လာရောက်လည်ပတ် သီတင်းသုံးရင်း ပထမ ၁၀ တန်းကျောင်းသူ ၄ ဦးကို ညစ်ညမ်းခွေပြမြှူဆွယ်ခြင်း၊ နောက်ထပ် ၄ ဦးကို ကိုင် တွယ်နမ်းရူံခြင်းနှင့် ဆွမ်းစားရန်သွားပင့်ခိုင်းသော ခလေးတစ်ဦးအား လက်ကိုဆွဲပေါင်ပေါ်တင် ပက်လက်လှန်ပြီး ဖက်နမ်းနမ်းရှုံ မဖွယ်မရာအသားကုန် ပြုလုပ်ခြင်း (ဆင်ဆာ) များပြုလုပ်ခဲ့သည်ဟုသိရသည်။
ပထမကျောင်းသူလေးများမှာ မပြောရဲသဖြင့် ဦးဝဣအကြိုက်တွေ့ပြီး နောက်ဆုံးပြုမူခံရသူ ကျောင်းသူလေးမှာ ငိုယိုသဖြင့်ဆရာတော်သိရှိပြီး မြို့နယ်ဂိုဏ်းပေါင်းစုံစည်းကမ်းထိန်းသိမ်းရေး ဥဣဠဦးဝဣိတ ထံတိုင်ကြားသဖြင့် ဆရာတော်မှလူဝတ် လဲပြီး ပဲခူးမြိုမစခန်းသို့အကြောင်းကြား၍ စခန်းမူးဦးစိုးပိုင်နှင်ြ နယ်ထိန်း ထွန်းထွန်းနိုင်နှင့် အဖွဲ့တို့က ဆက်လက်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
အောင်သစ္စာ(ပဲခူး)