ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းနှင့် တိုင်းရင်းသားဖြစ်ခြင်းကို ငြင်းပယ်ခဲ့သော လူမျိုးရေးအစွန်းရောက်၊ ဘာသာရေး အစွန်းရောက် ဦးကိုကိုကြီးအား အောက်ပါမေးခွန်းကို ဖြေကြားပေးနိုင်ရန် မေးမြန်းလိုက်ချင်ပါသည်။
ရခိုင်-မုစ်လင်မ် အဓိကရုဏ်းဖြစ်စဉ် ကာလအတွင်း ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်နှင့် ၎င်းမမွေးဖွားခင် ပါလီမာန်ဒီမိုကရေစီခေတ်က တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့ခြင်းကို ခါးခါးသီးသီး ငြင်းဆန်၍ ရိုဟင်ဂျာလူမျိုးများအား တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက် လာခဲ့သူများဖြစ်ကြောင်း စွတ်စွဲခဲ့ခြင်းဖြင့် မြောက်များစွာသော အပြစ်မဲ့ မုစ်လင်မ်များကို သေကြေပျက်စီးစေခဲ့သူ၊ အပြစ်မဲ့ မုစ်လင်မ်များ၏ ဘ၀များကို ဖြိုဖျက်ခဲ့သူ၊ လူမျိုးရေး အစွန်းရောက်၊ ဘာသာရေး အစွန်းရောက် ဦးကိုကိုကြီးအနေနှင့် မိမိ ကျူးလွန်ခဲ့သော ပြစ်မှုကြီးအတွက် မည်သို့မည်ပုံ တာဝန်ယူ ဖြေရှင်းပေးမည်ကို ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights And Justice အစည်းအရုံးမှ သိရှိလိုပါကြောင်း။
No comments:
Post a Comment