Wednesday, 2 September 2015

မရှိဆင်းရဲသားများကိုကြိုး နှင့်ချဉ်၍ ငွေညှစ်နေသော ခမရတပ်ရင်း(551)

မရှိဆင်းရဲသားများကိုကြိုး နှင့်ချဉ်၍ ငွေညှစ်နေသော ခမရတပ်ရင်း(551)
- ***********-**-******
ရသေ့တောင်(2,9,2015)


ရခိုင်ပြည်နယ်တွင် 2012 ခုနှစ်၏လူမျိုးရေး၊ဘာသာရေးပဋိပက္ခဖြစ်ပွါးပြီးနောက် ရခိုင်ပြည်ရှိရခိုင့်အကြမ်းဖက်နှင့်ရခိုင်ပြည် အာဏာပိုင်တို့မှ ရိုဟင်ဂျာများကို လူမဆန်စွာ ရက်စက်၊ငွေညှစ်၊သတ်ဖြတ်မှုများ နေ့စဉ် လုပ်နေဆဲပါ။
အထူးသဖြင့် ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ရှိ ရခိုင်သားတိုင်းသည် ဘင်္ဂလားဒေခ်ျ့နိုင်ငံသား ဘင်းဂါလီရခိုင်များဖြစ်ပြီး အနောက်သား အဝကျွန်းသားစိတ်ဓါတ်ဖြင့်ရှေ့နှစ်ပေါင်းများစွာကတည်းကပင် နေထိုင်လာခဲ့သော အနောက်ပြင်သား ရိုဟင်ဂျာများကို လွန်စွာမုန်းတီးနေသည်ဟု သတင်းရရှိထားပါသည်။ အနောက်ပြင်ကျေးရွာနေ ရိုဟင်ဂျာများသည် အပြင်ထွက်လုပ်ကိုင်စားသောက်မရသည်ကို အာဏာပိုင်တို့မှ သိပါလျက်နဲ ရခိုင်အုပ်ချုပ်ရေးမှုးများမှ ရိုဟင်ဂျာများကို မနာလိုစိတ်ဓါတ်ဖြင့် ရသေ့တောင်မြို့နယ်၌ လုံခြုံရေးတာဝန်ကျနေသော ခမရတပ်ရင်း အမှ(551)တပ်ရင်း၏ ယာယီတပ်ရင်းမှုး ဒု-ဗိုလ်မှုးကြီး ဦးစံအောင်ကျော်(ရခိုင်)အား အနောက်ပြင်ကျေးရွာနေ ဟာမိတ်ဟူဆန်း(ဘ)ဦးမူဖိဇ်ကို ဘင်္ဂလားဒေခ်ျ့နှင့် နွားမှောင် ခိုလုပ်သည်ဟု မဟုတ်မမှန်စွပ်ဆွဲတိုင်တန်း ထားသဖြင့် ယနေ့(2,9,2015)နေ့တွင် ဒု-ဗိုလ်ကြီး စံအောင်ကျော်နှင့်အဖွဲ့မှ ဟာမိတ်ဟူဆန်ကိုဖမ်းဆီးရန် အိမ်ကိုဝင်ရောက်ရှာဖွေရာ ဟာမိတ်ဟူးဆန်းကိုရှာမတွေ့သဖြင့် ဇနီးဖြစ်သူ ဒေါ်ဆာန်ဒူဘာနူကိုဖမ်း၍ ရ.ယ.ကရုံးကိုခေါ်ယူပြီး ငွေနှစ်သိန်းခွဲတောင်းရာ မပေးနိုင်သဖြင့် အဆိုပါဒေါ်ဆာန်ဒူဘာနူကို နံနက် ၉ နာရီကပင် ညနေ ၅ နာရီထိ လက်နှစ်ဘက်ကိုနောက်ပြန်ကြိုးထုတ်ထားကြောင်း ပုံနှင့်တကွ သတင်းပေးပို့ထားပါသည်။ ၎င်းဆာန်ဒူဘာနူမှာ မရှိဆင်းရဲသူတစ်ဦးဖြစ်ပြီးငွေမပေးနိုင်သဖြင့် ရွာသားများမခံနိုင်၍ ကောက်ခံချေးယူပြီး ငွေတစ်သိန်းထုတ်ပေးနိုင်ခဲ့ရာ ကျန်ငွေ တစ်သိန်းခွဲကို ၆ ရက် နေ့ပေးချေရမည်ဖြစ်ပြီး တိမ်းရှောင်နေသောအိမ်ရှင်ဟာမိတ်ဟူဆန်းကိုလည်း အပ်နှံရမည်ဟု ဂတိခံဝန်ချက်ယူ၍လွှတ်ပေးလိုက်ကြောင်း ဒုက္ခသည်တစ်ဦးမှ သတင်းပေးပို့ထားပါသည်။
အနောက်ပြင်ကျေးရွာသည် ရခိုင်ရွာများ၏ပတ်ပတ်လည်ဝန်းရံပိတ်ဆိုးခံထားရပြီး ရခိုင်နှင့်၎င်းဒု-ဗိုလ်မှုးကြီးအဖွဲ့များမှ
ရိုဟင်ဂျာများကို မကြာခဏလူမဆန်စွာ ရက်စက်၊ခြိမ်းကြောက်၊ငွေညှစ်ခံနေရသဖြင့် ထိုရွာသားရိုဟင်ဂျာများမှာ အလွန်စိုးရိမ်ကြောင်းကြနေရ
ကြောင်း ဒေသခံများမှ မျှော်လင့်ချက်ကင်းမဲ့နေရပါသည်ဟု သတင်းပေးပို့ထားပါသည်။

No comments:

Post a Comment