Monday, 14 September 2015
အမုန်း တရား ရှေ့တန်း မတင်နဲ့လို့ အရှင်ဘုရားက ပြောတယ်.
**************
အမုန်း တရား ရှေ့တန်း မတင်နဲ့လို့ အရှင်ဘုရားက ပြောတယ်.
.အရှင်ဘုရားလုပ်နေတာကျ လူမျိုးမုန်းတီးရေး မဟုတ်ဘူးလားဘုရား
အရှင်ဘုရား အမေသာ တောင်သူ ဒေါ်ခင်ဝင်း ဆိုလျှင်
အရှင်ဘုရားအဖေသာ တောင်ကြီးက လယ်သိမ်းလို့ ကိုယ်ကိုယ်ကို မီးရှို ဆန္ဒပြရင်း သေ သွားသူ တောင်သူ ဦးမြင့်အောင် ဆိုလျှင်
အရှင်ဘုရားသာ လယ်သိမ်း ယာသိမ်းခံ တောင်သူတွေရဲ့သားဆိုလျှင်
အရှင်ဘုရားသာ လက်ရှိ ထောင်ထဲရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေရဲ ဖခင် ဖြစ်မယ်ဆိုလျှင်
အရှင် ဘုရားသာ ဘူဒိုဇာနဲ့ အထိုးခံရတဲ့ မိသားစုက အိမ်ထောင်ဦးစီး ဖြစ်မယ်ဆိုလျှင်
အ၇ှင်ဘုရားသာ.. အမှိုက်ကောက်ပြီး အမှိုက်ပုံပေါ် အိပ်နေရတဲ့ကလေးတစ်ယောက်ရဲ့ ဖခင် ဖြစ်မယ်ဆိုလျှင်
အ၇င်ဘုရားသာ နယ်စပ်ကနေ လိမ်ကျွန် အဖြစ် ရောင်းစားခံရတဲ့ မိန်းကလေးရဲ့ အကို ဖြစ်မယ်ဆိုလျှင်
အရှင်ဘုရားသာ မိသားစု မပြေလည်လို့.. နိုင်ငံတကာမှာ အိမ်ဖေါ်သွားလုပ်ပြီးကျွေးနေရတဲ့ ဖခင် ဖြစ်မယ်ဆိုလျှင်
အ၇ှင်ဘုရာသာ လစာ တစ်ထောင်တိုးတောင်းမိလို့ ထောင်ချခံရတဲ့ သူရဲ့ အဖေဖြစ်မယ်ဆိုလျှင်
အရှင် ဘုရားသာ .......... ဖြစ်မယ်ဆိုလျှင်..(ပြောစရာတွေတော့အများကြီးပါ) မြန်မာပြည်ရဲ့ ဒုက္ခတွေ အရှင်ဘုရား မသိတာလား မမြင်တာလားဘုရား၊
အုပ်ချုပ်မှု ညံ့ဖျင်းလို့၊ တပည့်တော်တို့ နိုင်ငံ သယံဇာတတွေလည်း မ၇ှိတော့ပါဘူးဘုရား အကြွေးလည်း ဒေါ်လာ ဘီလီယံ (၂၀) တင်နေပါတယ်ဘုရား၊
အရှင်ဘုရား အမုန်းတရားနဲ့ မပြောပဲ.. အရာအားလုံး သင်ပုန်းချေပြီး အဲ့ဒီလူတွေကို..ဆက်အုပ်ချုပ်ခိုင်းမှာလား..
အရှင်ဘုရား.. အတိတ်ဆိုတာ.. မေ့ပြစ်ဖို့ မဟုတ်ပါဘူးဘုရား သင်ခန်းစာယူပြီး အနာဂတ် ကောင်းဖို့အတွက် အသုံးချရမည့် သော့တစ်ချောင်းပါဘုရား..
အခု အ၇ှင်ဘုရားတို့ ပြောတဲ့ ဘာသာ သာသနာ ပျက်စီးလာတာ ဘယ်သူလုပ်တာလဲ ဘုရား.. အမှန်အတိုင်း ဖြေပေးပါ..
အသိဥာဏ်ရှိသူ စဉ်းစား တတ်သူတိုင်း သိပါတယ်.ဘုရား၊ လက်ရှိ အရှင်ဘုရားတို့ မွတ်စလင် ရန် ကာကွယ်ဖို့ ဆိုပြီး ပြောနေကြတယ်. တကယ်တမ်း တရားဥပဒေ စိုးမိုးမှု မရှိလို့ လက်ရှိမှာ ဗမာ ဗုဒ္ဓဘာသာ လူဆိုးလူမိုက်တွေရဲ့ ရန်ကိုတောင် တပည့်တော်တို့ ပြည်သူများ ကြောက်နေရပါတယ်ဘုရား... ရန်ဆိုတာ.. မွတ်စလင် ရန် တစ်ခုတည်းပဲ ရှိတာပါလားဘုရား.. ကိုယ့်အသက် အိုးအိမ် စည်းစိမ် လုံခြုံမှု အားလုံးကို ရန်ရှာနိုင်သူ အားလုံး ရန်တွေပဲ မဟုတ်လား ဘုရား..
အရှင်ဘုရား ကာကွယ်နေတာ ဘာကြောင့် မွတ်စလင် ရန်ပဲဖြစ်နေတာလဲဘုရား.. ဗုဒ္ဓအဆုံးအမ မှာကိုက လူမိုက်ကို မပေါင်းသင်းနဲ့ လူလိမ်မာကို ပေါင်းသင်းပါလို့ မှာထားပါတယ်.ဘုရား.. ဗုဒ္ဓဘာသာကိုပဲ ပေါင်းပါ၊ မွတ်စလင်ကို မပေါင်းပါနဲ့လို့ မှာထားခဲ့ပါသလားဘုရား.. အမျိုးဘာသာ ထိမ်းသိမ်းဖို့ဆိုတာ..အတွေးအခေါ် ရှိသူတိုင်း သိပါတယ်ဘုရား.. အဲ့ဒီတော့.. အဲ့ဒီလို အတွေးအခေါ်တွေ၊ ဗုဒ္ဓအဆုံးအမတွေကို.. လူတွေရင်ထဲ ရောက်အောင်လုပ်ပြီး ငြိမ်းချမ်းအောင်လုပ်ပေးရမှာ မဟုတ်ဘူးလားဘုရား၊ ဗုဒ္ဓက သာသနာပြုခဲ့တာ အမုန်းတရားနဲ့လား ဘုရား၊ ဗုဒ္ဓက ဗုဒ္ဓဘာသာ တစ်ခုတည်းကိုပဲ သာသနာပြုပါလို့ ပြောခဲ့ပါသလား ဘုရား၊
ဗုဒ္ဓဟာ သူ့ရဲ့သားတော်တွေကို သာသနာပြု သွားကြလို့ ပြောတာ.. ဘာသာကြီးဖို့ သွားခိုင်းတာလားဘုရား၊ လူတွေရင်ထဲကို သဘာဝ ဓမ္မတွေ ထည့်ပေးပြီး ငြိမ်းချမ်းစေချင်တဲ့ စိတ်ကြောင့်၊ သတ္တ၀ါတွေကို ကယ်တင်ချင်တဲ့ စိတ်ကြောင့် မဟုတ်ဘူးလားဘုရား ဘုရားအဖြစ် လေးသင်္ချေ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့တာလည်း သတ္တ၀ါတွေကို ငြိမ်းချမ်းစေခင်လို့ မဟုတ်ဘူးလား ဘုရား..
အရှင်ဘု၇ား တိုင်းပြည်မှာ၊ အဓိက လိုအပ်နေတာ ဘာပါလဲဘုရား၊ တပည့်တော့ မေးတဲ့အထဲ အဓိက လို့ ပါပါတယ်ဘုရား၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ ဒါန သီလ ဘာဝနာ ဟုတ်ပါသလားဘုရား၊ လက်ရှိ ပြည်သူတွေဟာ.. သီလ မပြောနဲ့ ဒါနတောင် လူတန်းစေ့ မပြုနိုင်ကြတော့ပါဘူး.. အလှူခံ ပုဂ္ဂိုလ်တွေချည့် ဖြစ်နေတာ အရှင် ဘုရား မြင်မှာပါ.. နိုင်ငံတကာ ထောက်ပံ့မှု မရှိရင် တပည့်တော်တို့ နိုင်ငံဟာ နာဂစ်ဘေး၊ အခုရေဘေးမှာတင် ပြည်သူတွေ ပြန်လည် ထူထောင်ဖို့ သိပ်ကို ခက်နေပါတယ်ဘုရား၊ လက်၇ှိ အဲ့ဒီသူတွေကို အရှင်ဘုရား သွားမေးကြည့်လိုက်ပါ.. ထမင်းမစားပဲ သီလ စောက်တည်ကြမလားလို့ပါဘုရား..
ရဟန်းတွေတောင်၊ ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါး ပြည်စုံမှ သာသနာဘောင်မှာ ပျော်မွေ့နိုင်မှာပါဘုရား.. လူပုထုဇဉ်ဆိုရင် ဆိုဖွယ်ရာမရှိတောပါဘုရား၊ ယခင် မြန်မာပြည်မှာ သံဃာ ခြောက်သိန်းရှိတယ်လို့ မှတ်သားဖူးပါတယ်.အခု သံဃာ ငါးသိန်းပဲရှိတော့တယ်။ ဘာကြောင့်ပါလဲ ဘုရား၊ ပြည်သူတွေဟာ..မိသားစု လူနေမှု ဘ၀ မပြည့်စုံပါပဲ၊ လာပါ.. ယဉ်ကျေးမှုသင်တန်းတွေ လာတက်ကြပါ၊ ဗုဒ္ဓအဆုံးအမတွေ လာနားေိထာင်ကြပါဆိုရင်.. ဘယ်သူတွေက လာနိုင်မလဲဘုရား၊ တစ်နေ့လုပ်မှ တစ်နေ့စား ဘ၀ကို ခက်ခဲစွာ ရပ်တည်နေကြရတဲ့.. ဆင်းရဲတဲ့သူတွေ လာမှာလားဘုရား မလာနိုင်ပါဘူးဘုရား၊ တပည့်တော် နားလည်ထားတဲ့ သာသနာကွယ်တယ်ဆိုတာ.. ဗုဒ္ဓအဆုံးအမ ကိုယ့်ရင်ထဲမှာ မရှိတဲ့နေ့ မလိုက်နာတဲ့နေ့ ကိုယ့်သန္တာန်မှာ သာသနာ ကွယ်နေပြီလို့ တပည့်တော် နားလည်ထားပါတယ်.. မှားရင်လည်း ထောက်ပြ ဆုံးမတော်မူပါ..
တပည့်တော်.. ပါဠိစာပေတွေ မသင်ယူဘူးပါဘူး၊ တပည့်တော် နားလည်တဲ့ ဘာသာစကားတွေနဲ့ပဲ ဗုဒ္ဓအဆုံးအမကို နာယူပါတယ်.. လိုက်နာနိုင်သလောက် လိုက်နာ ကျင့်သုံးပါတယ်.. တပည့်တော်ဟာ ဗုဒ္ဓအဆုံးအမကို လိုက်နာနေသူ လိုက်နာဖို့ ကြိုးစားနေသူ မျှသာပါပဲ..
မှားရင်လည်း ဆုံးမပါ..
ဒေါ်စုတက်ရင် ကုလားနိုင်ငံဖြစ်မယ်.. ဒေါ်စုပါတီမှာ ကုလားတွေ ရှိတယ်ဆိုရင် လက်ရှိ အာဏာရ ပါတီမှာရော ကုလားတွေ မရှိဘူးလားဘုရား၊ ဗိုလ်ချုပ်နဲ့ အတူ ကျဆုံးသွားတဲ့ အထဲမှာေ၇ာ ကုလားလူမျိုး မွတ်စလင် စစ်စစ်ကြီး မပါဘူးလားဘုရား၊ ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေး အရယူခဲ့တဲ့ အထဲမှာေ၇ာ.. ကုလားတွေ မပါဘူးလားဘုရား၊ လူမျိုးကိုရွေးမှာလား လူကောင်းကိုရွေးမှာလားဘုရား။
အရာအားလုံးရဲ့ အဓိက ဟာ.. အုပ်ချုပ်ရေးညံ့ဖျင်းလို့ ဆင်း၇ဲမှုတွေဖြစ်ရတယ်..
တရားဥပဒေ စိုးမိုးမှု မ၇ှိလို့၊ ဒီလိုပြသနာတွေဖြစ်ရတယ်..
တရားဥပဒေသာစိုးမိုးရင် မွတ်စလင်လည်း လှုပ်မရသလို ဗုဒ္ဓဘာသာလည်း လှုပ်မရပါဘူး..မြန်မာပြည်မှာရှိတဲ့ မည်သူမဆိုတရားဥပဒေအောက်မှာ..ပြားပြားဝပ်နေကြရပါမှာ။။ အခုတော့ ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်နိုင်တဲ့ အနောက်စည်းရိုးကြီးလည်း ကျိုးပေါက်နေရတယ်.. လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို သေချာ အကောင်အထည်မဖော်လို့၊ ကိုယ့်နိုင်ငံသားမဟုတ်သူတွေ နိုင်ငံသား ဖြစ်နေရတယ်.. စင်္ကာပူနိုင်ငံဟာ.. citizen တစ်ယောက်ဖြစ်ဖို့ ဘာသာကိုကြည့်ပြီး ရွေးချယ်တာမဟုတ်ဘူးဘုရား၊ တရုတ်ပဲ ဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် သူ့နိုင်ငံရဲ့ ဆယ်နှစ် plan ကိုကြည့် လူဦးရေ၊ GDP စီးပွားရေး အစစ အရာရာကို စီစစ်ဆုံးဖြတ်ပြီးမှ နိုင်ငံသားပေးတာ.. နိုင်ငံသားမပေးခင် Permanent Resident လို့ ခေါ်တဲ့ PR တွေပေးပြီးမှ ဒါတောင် သူ့နိုင်ငံသားဖြစ်ဖို့ ပညာတတ်ရမယ်.. လစာ ဘယ်လောက်ရရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိသေးတယ်.. ဒါတွေ အများကြီး လုပ်ထားခဲ့တာ၊ သူ့နိုင်ငံမှာ. နေထိုင်သူ အမြဲနေနေ ခဏပဲနေနေ သူ့နိုင်ငံသားပဲဖြစ်ဖြစ် တူညီတဲ့ တရားဥပဒေအောက်ကို နေထိုင်ကြရတယ်.. စင်္ကာပူမှာ မိန်းကလေးတစ်ယောက် ည ၁၀ နာရီ ၁၁ နာရီ အပြင်သွားဦးတော့..လုံခြုံမှုအပြည့်ရှိတယ်လို့ ခံစားရတယ်.. ဘာကြောင့်ပါလဲ.. လူအားလုံးဟာ..သူ့နိုင်ငံရဲ့ တရားဥပဒေနဲ့ အုပ်ချုပ်မှု စနစ်တွေကို..ယုံကြည်လို့ပါပဲ..
လက်ရှိမြန်မာပြည်မှာ ကြောက်နေရတာ.. ကုလားရန် တစ်ခုတည်းမဟုတ်ပါဘူး ဟုတ်မဟုတ်ဆိုတာ.. အရှင်ဘုရား ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးတွေနဲ့ ပတ်ဝန်းကျင် က မြို့သစ်တွေမှာ.. ညပိုင်း အလုပ်ပြန်တဲ့ မိန်းကလေးတွေကို မေးကြည့်ပါ...
လူမျိုးရေးဆိုတဲ့ စကားကိုသုံးပြီး နောက်ထပ် တိုင်းပြည် ဒီထက် ဆင်းရဲပြီး ပြည်သူ အားလုံး ဒုက္ခရောက်တာကို အရှင်ဘုရား မြင်ချင်တာလား ဘုရား၊
အဲ့ဒီလူတွေ ဒီထက်ပိုပြီး ဒုက္ခရောက်ကြရင်၊ လက်၇ှိ အဆင်ပြေပြေ စားနိုင်သောက်နိုင်နေတဲ့ သူတွေ ဒီအတိုင်း နေရမယ် မထင်ပါနဲ့ဘု၇ား၊ ကိုယ်ချစ်တဲ့ မိသားစု ငတ်ပြတ်လာရင်၊ ဘယ်သူမှ ဒီအတိုင်း မနေဘူးဘုရား တန့ည်းနည်းနဲ့ ရှာဖွေကြမှာပဲဘုရား
လူတွေအားလုံး မွေးကတည်းက ယုတ်မာ ရိုင်းစိုင်းတဲ့သူတွေ မဟုတ်ကြပါဘူး၊ ပတ်ဝန်ကျင်နဲ့ ဘ၀ပေးအခြေအနေတွေက သူတို့ဘ၀ကို ဒီလို ဖြစ်အောင် ဖန်တီးလိုက်တယ်ဆိုရင် အ၇ှင်ဘုရား လက်ခံမလားဘုရား၊
အရှင်ဘု၇ား လက်ရှိ အစိုးရလက်ထက်မှာ ဆန္ဒပြမှုတွေ အမြောက်အမြား ထွက်လာတာကို အရှင်ဘုရား သိမှာပါ.. လူတွေ အဖမ်းခံရမှန်း သိရက်နဲ့ ထောင်ထဲဝင်ချင်လို့ ဆန္ဒပြကြတာလား ဘုရား၊ လူတိုင်း လူတိုင်း လက်ရှိ ဒုက္ခထက်တော့ မပိုချင်ကြဘူးဘုရား သို့သော် ဒီအတိုင်းလည်း ဒုက္ခရောက်နေတာပဲ ဒါကြောင့် အဲ့ဒီဒုက္ခက လွတ်လို့ လွတ်ငြား အစိုးရက ကြည့်ပေးလို့ ကြည့်ပေးငြား အသက်စွန့်ပြီး ဆန္ဒပြကြရတာဘုရား၊
အရှင်ဘု၇ား အမျိုးဘာသာ သာသနာကို ကြည့်မယ်ဆိုရင် လက်ရှိ ကျိုက်ထီးရိုးဘုရားကို သွားကြည့်ပါ၊ ဘုရားကို လေလံယူထားတဲ့သူတွေက ဘု၇ားဖူးလာတဲ့သူတွေကို ပိုက်ဆံ ရှိလား မရှိလား မသိ၊ လှနိုင်သလား မလှူနိုင်သလား မသိ ဓမြ တိုက်သလို အလှူခံနေကြတာ တွေ အရှင်ဘုရားတွေ့မှာပါ.. သမိုင်းဝင် လယ်တီသိမ် ရှိတဲ့နေရာကို ရောင်းစားတယ်.အရှင်ဘုရားရဲ ညီအကိုတော် သံဃာတွေကို မီးသင်္ကန်းကပ်တယ်၊ ဒုတ်နဲ့ ရိုက်တယ်.. ဒါတွေကို လက်၇ှိ အာဏာရ ပါတီက လုပ်ခဲ့တာပါဘုရား..
ဒါဆိုရင် အခု အရှင်ဘုရား ထောက်ခံနေတဲ့ လက်ရှိ အာဏာရပါတီက အမျိုးဘာသာ သာသနာ စောင့်ရှောက်နေတာပါလားဘုရား၊ တပည့်တော် မသိလို့ မေးတာပါဘုရား..နောက်ဒေါ်စုခင်ပွန်း ကို ကုလားလို့ ပြောနေတဲ့ ကိစ္စ ဒေါ်စုခင်ပွန်း မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ ၊ လက်၇ှိ မြန်မာနိုင်ငံထက် ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဘူတန်နိုင်ငံရဲ့ ဘုရင်မိသားစုရဲ့ ဆ၇ာ ဖြစ်ခဲ့တာရော သိပါသလားဘုရား၊ ဒီလောက် ဗုဒ္ဓဘာသာ အလေးအမြတ်ထား တဲ့ အဲ့ဒီနိုင်ငံ့ရဲ့ မင်းဆရာအဖြစ် ဘာလို့များ ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်း အ၇ှင်ဘုရားတို့ အလို ကုလားကြီးကို ဘူတန် ဘုရင်တွေက ဘာကြောင့်များ (၆) နှစ်လုံးလုံး ခန့်အပ်ထားတာလည်း ဘာကြောင့်များလည်း၊ ဒါတွေကိုလည်း အ၇ှင်ဘုရားပြောချင်တဲ့လူတွေကို ထိမ်ချန်မထားပါနဲ့ ဘုရား ၊ အမှန်တရားဆိုတာ.. အမှန်တရားအဖြစ် အမြဲ ရှိနေပါတယ်ဘုရား၊
အရှင်ဘုရားလောက် တပည့်တော် ဗုဒ္ဓစာပေတွေ အဆုံးအမတွေ မလေ့လာဘူးတော့ အမှားပါရင် လည်း ခွင့်လွတ်ပါဘုရား၊ နားမလည်တာကိုလည်း သွန်သင် ဆုံးမပါဘုရား
တပည့်တော်ရင်ထဲ တပည့်တော် အသွေးအသားထဲမှာ.. မြန်မာပြည်သူတွေ ဒီထက် ဆင်းရဲ ဒုက္ခရောက်တာကို.. တပည့်တော် နှလုံးသားက မခံစားနိုင်လို့ပါ.. ဒါကြောင့် စီမံအုပ်ချုပ်မှု လွဲမှားနေတဲ့ တိုင်းပြည်အတွက် အကောင်းဆုံးကို မမျှော်လင့်ပါဘူးဘုရား အနဲငယ်လောက် ဖြေလျှော့ပေးနိုင်တဲ့ အစိုးရကို လိုချင်ပါတယ်.
. change တိုင်းမှာ risk ရှိပါတယ်ဘုရား၊ ဒေါ်စု အုပ်ချုပ်လို့၊ လက်၇ှိ အစိုးရထက် စိုးရွားနေမယ်ဆိုရင် ဒေါ်စုနောက်မှာ စစ်တပ် မရှိဘူးဘုရား၊ ဆင်းပေးပါလို့ ပြောဖို့ သိပ်ကို လွယ်ပါတယ်ဘုရား၊ လက်ရှိ ပြည်သူတွေဟာလည်း အရှင်ဘုရားတို့ ဘုရားသားတော်တွေရဲ့ ကျေးဇူးရှင် ဒကာ ဒကာမများ ဖြစ်လို့.. သူတို့ရဲ့ ဆင်းရဲခြင်းတွေအတွက် စဉ်းစားပေးပါ၊ တပည့်တော် မှားနေရင်လည်း ရှင်းပြပါဘုရား
လေးမြတ်စွာဖြင့်
(မေမွန်း)
No comments:
Post a Comment